Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ ပွင့်ဖြူမြို့၊ မန္တလေးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် အခြားမြို့များမှလည်း မှာယူ၍ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ သစ်သီးဝလံဈေးနှုန်းများမှာ ဖရဲသီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ် (၂၄၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ သလဲသီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ နဂါးမောက်သီး(၁)လုံး လျှင် ကျပ်(၂၀၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ လိမ္မော်သီး(အသေး)(၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ ယိုးဒယားသရက်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ တည်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ ငှက်ပျောသီး(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀)၊ အုန်းသီး(၁)လုံးလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးရောင်းဝယ်သူဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)