Main menu

မင်းဘူးမြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

   မင်းဘူးမြို့မဈေးအတွင်း၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ  ငါးကြင်းဖြူ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၃၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀-၄၅၀၀၀)၊ ငါးရံ့ပြား(၁)ပိဿာလျှင် ကျပ်(၇၅၀၀၀-၈၅၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၄၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၈၀၀၀-၁၉၀၀၀)၊ ငါးကွန်းရှပ်(၁)ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၅၀၀၀)၊ ငါးခုံးမ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၆၀၀၀)၊ ပုစွန်ပွ(၁)ပိဿာလျှင် ကျပ် (၁၁၀၀၀-၁၂၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၈၅၀၀၀)ထိဖြစ်ကြောင်း၊ ပုစွန်ခြောက်သည် ဆားအပေါ့/ အငန်ပေါ်မူတည်၍ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရပါသည်။

   ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကိုမူ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ မင်းဘူး-စကုမြို့နယ်များရှိ ငါးခြောက်နှင့်ပုစွန်ခြောက်များကို ကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များသို့ ပြန်လည်ရောင်းချကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။

DOCA(မကွေး)