Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနီမှာ (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၅-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၂၁-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀) ဖြစ်ခဲံပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နှမ်းနက်(စမုံ)မှာ ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၈၀၀၀၀-၃၂၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင်  ကျပ်(၂၇၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၈၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၃၈၀၀)အိတ်၊ နှမ်းနီ(၂၇၀)အိတ်၊ နှမ်းဖြူ(၁၈၀)အိတ်၊ နှမ်းပြာ (၅၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နိုဝင်ဘာလ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက အရောင်းအဝယ်အနေဖြင့် အနည်းငယ်ပိုမိုသွက်လာပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

  ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာတင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ဘိုကိတ်ပြာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်(၆၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၃၀၀၀၀-၁၃၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၂၈၀၀၀-၁၃၂၀၀၀)ဖြစ်၍ ကျပ် (၂၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၈၈၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၈၈၀၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၇၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၈၇၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၃၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၃၅၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(H-L)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၈၅၀) အိတ်၊ ပဲကြီး(၃၃၀)အိတ်၊ ပဲတီစိမ်း(၁၇၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၅၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ် (၂၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀-၅၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ (၁၈၀၀)အိတ်၊ မြေပဲတောင့်အစို တင်း(၄၇၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ အပတ်စဉ် ပုံမှန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ် (၂၉၅၀-၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀-၃၀၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၂၈၀၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)