Main menu

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    မုံရွာမြို့နယ်၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၅၇၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၇၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၁၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၉၅၀၀)ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုး အစားအလိုက်  (၁၀၀၀၀)  ကျပ်မှ (၁၁၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ်ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် (၄၀၀) ကျပ်၊ သေးတစ်လုံးလျှင် (၃၅၀) ကျပ်တို့ရှိသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ  (၈၅၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် ယခင်နိုဝင်ဘာလ တတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ  ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)