Main menu

ဈေးအနည်းငယ်မြင့်လာသည့် ရွှေဘိုမြေပဲလုံးဆံဈေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် မြေပဲလုံးဆံဖြူတစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၉၁၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး နိုဝင်ဘာစတုတ္တတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/ (၄၁)တန်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နိုဝင်ဘာတတိယအပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျင်(၈၆၄၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျင် (၄၈၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလ တူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင်(၈၁၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၆၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)