Main menu

ဘားအံမြို့၊ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ဘားအံမြို့၊ မြို့မဈေးတွင်ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(သေး) တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ နဂါးမောက်သီး(ကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ စပျစ်သီးအစေ့လွတ်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ် ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၁၇၀၀ မှ ၂၀၀၀)ကျပ်၊ ကြွေသစ်တော်သီးတစ်လုံးလျှင် (၂၅၀၀) ကျပ်၊  သရက်သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဆန်းကစ်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ သီးမွှေးငှက်ပျောတစ်ဖီးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ ဩဇာသီးတစ်လုံးလျှင် (၅၀၀) ကျပ်၊ ထောပတ်သီးတစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ကြက်မောက်သီးတစ်ကီလိုလျှင် (၈၀၀၀) ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်၊ နာနတ်သီး(ကြီး)တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ နာနတ်သီး (သေး)တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ကျွဲကောသီး(သေး) တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေးတွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှသိရှိရပါသည်။

DOCA(ကရင်)