Main menu

ပန်းတနော်မြို့နယ်ရှိ ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၂၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ထူးထက်ကျော်ကုန်စုံဆိုင်၊ ဦးဇော်ဇော်ဦး ALPhine ရေသန့်အရောင်းဆိုင်၊ ရပ်ကွက်(၁၀)ရှိ ဒေါ်တင်မွှေး ကုန်စုံဆိုင်၊ စိန်နှင်းဆီကုန်စုံဆိုင်၊ UNT သောက်ရေသန့်အရောင်းဆိုင် (၅)ဆိုင်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

    ထိုသို့စစ်ဆေးရာတွင် ပန်းတနော်ဆီအရောင်းဆိုင်ရှင်များကို ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ်အတွင်း သောက်ရေသန့်ဘူးများ၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုများပါဝင်သော ကုန်စည်ကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) အရ ကုန်စည်အုပ်စု(၈)မျိုးတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်း၍ သိရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်များကို မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)