Main menu

မြောင်းမြခရိုင်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်ဦးစီးမှူး၊ လပွတ္တာမြို့နယ်တာဝန်ခံနှင့် မော်ကျွန်းမြို့နယ်တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်း အိမ်မဲမြို့နယ်တာဝန်ခံနှင့် ဝါးခယ်မမြို့နယ်တာဝန်ခံတို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့သွားရောက်ကာ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေခြင်းမရှိကြောင်း၊ ပဲလတ်ဆီနှင့် နှမ်းအရောဆီများကိုရောင်းချခြင်းမတွေ့ရှိရဘဲ ပိဿာချိန်ဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ပြည်သူများအား Goody, Meizan, Louts ပုဇွန်နှစ်ကောင်စားအုန်းဆီ (၅)ပိဿာဝင်/ (၁၀)ပိဿာဝင်ပုံးများမှ ခွဲဝေရောင်းချပေးနေကြောင်းတွေ့ရှိရသည်။ ဆိုင်ရှင်များအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက အရေးကြီးကုန်စည်များဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် အခန်း(၂၃)၊ တားမြစ်ချက်များမှ ပုဒ်မ(၆၅)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၆)လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၅၀)ထက်မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာအထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)