Main menu

ကျောက်ဆည်ခရိုင်၌ (ဆောင်း)ငရုတ်များကို စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်း၌ စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်း ငရုတ်စိုက်ဧက (၂၆၉)ဧကစိုက်ပျိုးထားရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းငရုတ်ကို ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များ၌ စတင်စိုက်ပျိုးလျက်ပြီး စဉ့်ကိုင်မြို့နယ်၌ အများဆုံးစိုက်ပျိုးလျက်ရှိသည့်အပြင် ကျောက်ဆည်နှင့် မြစ်သားမြို့နယ်များ၌လည်း စတင်စိုက်ပျိုးလာကြပါသည်။ ဆောင်းငရုတ် (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၀)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ (၆၉၂)မျိုးများဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်ခြောက်အညှာပါ တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်နှင့် ငရုတ်အညှာခြွေတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ငရုတ်သီးမှုန့်တစ်ဘူးလျှင် (၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ငရုတ်သီးပေါ်ချိန်တွင်လည်း ဈေးနှုန်းနှင့်အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအကျိူးအမြတပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)