Main menu

ကြာညိုသင်းမုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ‌ရေးရာလုပ်ငန်းများအပြင် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးသည် မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ ကြာညိုသင်းမုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဌာန၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက် (၂/၂၀၁၉) ပါ မုန့်မျိုးစုံတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိတို့ထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါက ဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)