Main menu

ရန်ကုန်တိုင်းဒေသကြီး၏ စားသုံးဆီထုတ်ပေးမှုအခြေအနေများ

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီစားသုံးနေသောပြည်သူများ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအသင်းတို့ပူးပေါင်း၍ နေ့စဉ်ထုတ်ပြန်လျက်ရှိသော စားသုံးဆီရည်ညွှန်းဈေးအတိုင်း  အများပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန် စားသုံးဆီကန်များမှတစ်ဆင့် စားသုံးဆီလက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးသည့်လုပ်ငန်းရှင်များသို့ နေ့စဉ် ထုတ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

   စားသုံးဆီများကို လာရောက်ထုတ်ယူရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း အများပြည်သူ (စားသုံးသူများ) ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေးအတွက် ဆီကန်များတွင် သန့်ရှင်းစေရန်၊ ဆီလာထုတ်သည့် ပေပါများသည် အသစ် (သို့မဟုတ်) သန့်စင်ပြီးသော ပေပါအဟောင်း၊ Food Grade အဆင့်ရှိ အဝါရောင်ပေပါ၊ စားသုံးဆီသီးသန့်သယ်ဆောင်သော BOXER ယာဉ်များနှင့် သန့်စင်ပီးသော Food Grade Tank များဖြင့်သာထုတ်ပေးနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)