ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲ ဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ (၂၈-၁၁-၂၀၂၃) ရက်နေ့တွင် ကြက်အရှင် အိမ်မွေးကြက် ၁ပိဿာလျှင် (၁၅၀၀၀/၁၆၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၆၅၀၀/၆၆၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင်(၅၀၀၀/၈၀၀၀) ကျပ်၊ ဘဲအရှင် ၁ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ကုန်ချိန် (၇၄၅၀၀) ပိဿာခန့်အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(ရန်ကုန်)