Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(တစ်ပိဿာ)လျှင် ကျပ် (၁၀၀၀မှ ၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၅၀၀မှ ၁၃၀၀) အတွင်း၊ ပန်းဂေါ်ဖီ(တစ်ထုပ်)လျှင် ကျပ် (၇၀၀မှ ၁၈၀၀) အတွင်း၊ အာလူး(တစ်ပိဿာ)လျှင် ကျပ် (၃၆၀၀မှ ၃၈၀၀) အတွင်း၊ မုန့်လာဥနီ(တစ်ပိဿာ)လျှင် ကျပ် (၄၅၀၀မှ ၅၀၀၀) အတွင်း၊ ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၉၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီး(တစ်လုံး)လျှင် ကျပ် (၁၀၀၀မှ ၁၈၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၂၅၀၀မှ ၃၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၄၀၀မှ ၃၈၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(တစ်ပိဿာ)လျှင် ကျပ် (၁၁၀၀၀မှ ၁၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ကျပ် (၁၂၅၀၀မှ ၁၃၀၀၀) အတွင်း၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၅၀၀၀မှ ၆၀၀၀) အတွင်း၊ ဆလပ်ရွက် (တစ်စည်း) လျှင် ကျပ် (၂၀၀မှ ၃၀၀) အတွင်း၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၁၀၀မှ ၂၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ)လျှင် ကျပ် (၁၃၀၀မှ ၁၈၀၀) အတွင်း၊ သံပရာသီး(တစ်လုံး)လျှင် ကျပ် (၁၀၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ) လျှင် ကျပ် (၂၅၀၀မှ ၃၈၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀မှ ၆၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၁၅၆၅၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၂၀၅၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၃၆၇၆)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၁၀၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၉၀၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၉၁၁၂)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၉၇၉၅)ကျော်၊ ဖရဲသီးလုံးပေါင်း(၂၄၆၃၇)ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)