
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၁-၁၁-၂၀၂၃) ရက်နေ့မှ (၂၄-၁၁-၂၀၂၃) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၄၀၇၀) အိတ်၊ ပေါ်ကျွဲ (၄၀၃၇၀) အိတ်၊ ဧည့်မထ (၈၇၄၃၀) အိတ်၊ ဆန်ကွဲ (၁၄၈၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၆၄၅၄) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၂၀၆၇၆) အိတ်၊ ငစိန် (၁၂၅၄) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းပြင်ပမြို့နယ်များမှ ဧည့်မထ (၁၇၅၆၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)