Main menu

ဆိပ်ဖြူမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ 

Powered by Drupal

        မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၁)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)နှင့်‌ နိုဝင်ဘာလ(စတုတ္ထပတ်) ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ် (၂၁၈၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် (၂၂၆၀) ဖြစ်၍ ကျပ်(၈၀) ဈေးမြင့်ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ်(၂၃၀၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ်(၂၄၀၀)ဖြစ်၍ ကျပ်(၁၀၀) ဈေးမြင့် ခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ်(၂၁၉၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် (၂၁၇၀)ဖြစ်၍ ကျပ်(၂၀) ဈေးလျော့ခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ် (၂၂၉၅)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ်(၂၂၆၀)ဖြစ်၍ ကျပ်(၃၅) ဈေးလျော့ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)