Main menu

 ပြင်ဦးလွင်ဒေသထွက် ဆွယ်တာဈေးကွက်

Powered by Drupal

            ပန်းမြို့တော်(ခေါ်)ပြင်ဦးလွင်မြို့တွင် ဒေသထွက်ကုန်တစ်ခုဖြစ်သော သိုးမွှေး၊ ယုန်မွှေး၊ နိုင်လွန်ချည်၊ ရိုးရိုးချည်တို့နှင့်ဖန်တီးထားသော စက်ထိုးလက်ထိုးနှင့် ကလေးလူငယ်လူကြီးများ အတွက် ခြေအိတ်၊ လက်အိတ်၊ တဘက်၊ ခြုံပုဝါ၊ မာဖလာ၊ ခေါင်းစွပ်ဦးထုပ်နှင့်အင်္ကျီမျိုးစုံတို့မှာ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းတစ်ဖြစ်သည့်အပြင် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း တစ်ခုဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းရလဒ်တစ်ခုလည်း ဖြစ်ပါသည်။ ဆွယ်တာ လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးရဲ့ တစ်ရက်လုပ်သားခ ၇၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ မိမိလုပ်ကိုင်သည့် လုပ်အားပေါ်မူတည်၍ ရရှိကြောင်းလည်း သိရှိရပါသည်။

          ပြင်ဦးလွင်မြို့ ဆွယ်တာဈေးကွက်အနေနှင့် ကလေးဝတ်မျိုးစုံတစ်ထည်လျှင် ၃၅၀၀ကျပ် မှ ၉၀၀၀ ကျပ်ထိ အရွယ်အစားနှင့်ဆိုဒ်ပေါ်မူတည်၍ ရောင်းဝယ်လျက်ရှိပါသည်။ လူလတ်ပိုင်း နှင့်လူကြီးပိုင်း ကျားမများအတွက် ခေါင်းစွပ်ဆွယ်တာအထူအပါးမျိုးစုံရှိပြီး အပါး ၁ထည်လျှင် ၈၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ အထူ ၁ထည်လျှင် ၁၈၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ အမျိုးသမီးများ အတွက် အပေါ်ထပ်ဝတ် ဒီဇိုင်းစုံဆိုဒ်စုံများကို ၁ ထည်လျှင် ၁၅၀၀၀ ကျပ်မှ ၃၅၀၀၀ အထိ အရောင်အသွေး စုံစုံလင်လင်နှင့် ဒီဇိုင်းဆန်းဆန်းလေးများ ရောင်းချပေးလျက်ရှိပါသည်။ အမျိုးသမီးများအတွက် သိုးမွှေးတဘက်နှင့် ချည်တဘက်များကို တစ်ထည်လျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ အထူအပါးနှင့် ဆိုဒ်ပေါ်မူတည်၍ ရောင်းချခြင်း၊ လည်ပင်းပတ်သည့် မာဖလာ လေးများမှာ ၁ထည်လျှင် ၆၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဝန်းကျင်ထိရှိပါသည်။ ဦးထုပ်ဒီဇိုင်းမျိုးစုံ တို့မှာလည်း ရောင်းအားကောင်းသည့်ဈေးကွက်တစ်ခုဖြစ်ပါသည်။ ယုန်မွှေးအတိုအရှည်အင်္ကျီ များ ဒီဇိုင်းမျိုးစုံReadyရှိပြီး ကြိုက်နှစ်သက်ပါက လူကြီးဝတ်ကျားမ ခေါင်းစွပ် ၂၀၀၀၀ မှ ၃၅၀၀၀ကျပ်၊ ကုတ်အင်္ကျီဒီဇိုင်းများကိုမူ  အမျိုးသမီးများက ကြိုက်နှစ်သက်ပြီး အော်ဒါမှာယူ ပါကလည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုနှစ်တွင် ဆောင်းရာသီ စတင် ဝင်ရောက်လာပြီ ဖြစ်သည့် အတွက် ရာသီဥတုကလည်း အေးသည့်ဘက်သို့ပါရှိပြီး နံနက် အာရုံတွင် နှင်းများကျဆင်းခြင်း တို့ကြောင့် ကလေးလူကြီးများအကြိုက် ဒေသထွက် ဦးထုပ်မာဖလာနှင့် တဘက်တို့ကို ဝယ်ယူရန် တစ်ခေါက်တစ်ခါ အရောက်လှမ်းခဲ့ကြဖို့ ပန်းမြို့တော်(ပြင်ဦးလွင်)မှ  ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(မန္တလေး)