
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မုံရွာမြို့တွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၈၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၆၀) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၅၀)ကျပ် စသည်ဖြင့် ဈေးနှန်းအသီးသီးကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၇၅) ကျပ် ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၈၀)ကျပ်ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)