အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ မှတ်ပုံတင်နိုင်ရေးအတွက် Online Sales Bussiness လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်သည် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့ (၂၉-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်သည် Online Sales Bussiness မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က အွန်လိုင်းရောင်းဝယ်မှုများနှင့်ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့် ထုတ်ပြန်ကြော်ငြာခဲ့ကြောင်း၊ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းအားဖြင့် မှတ်ပုံတင်ရရှိသူသည် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်ပါလက်မှတ်အမည်ဖြင့် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖြင့်မှတ်ပုံတင်ခြင်းအား eComReg System/ ecomreg.gov.mm တွင် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားရာတွင် မိမိအသုံးပြုသော email (သို့) Mobile Phone Number ဖြင့် Sign Up (Register) ပြုလုပ်ခြင်း၊ Login ဝင်ခြင်း၊ Apply ကိုနှိပ်၍ မိမိတို့၏ Online Sales အတွက် Registration Form များကိုဖြည့်၍ မှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့နောက် Online Payment ပေးဆောင်ပြီး မိမိ၏ Online Sales Registration Certificate ကို Print/PDF ထုတ်ယူရမည်ဖြစ်ပါကြောင်း၊ ရရှိလာသော Certificate ၏ QR Code Link ကို မိမိတို့၏ Dashboard တွင် Copy ယူ၍ မိမိတို့၏ Online Sales (eCommerce) Website များတွင်အသုံးပြုခြင်းဖြင့် ယုံကြည်စိတ်ချရသော Online Sales (eCommerce) Website များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားသူများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်းနံပါတ် ၀၆၇-၄၈၄၈၅၊ ၀၆၇၄၀၈၂၂၆၊၀၁-၃၇၁၂၁၉ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း( Online Sales)လုပ်ငန်းများမှတ်ပုံတင်နိုင်ရေးအတွက် eComReg System အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှစ၍ စတင်အသုံးပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)