စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ခရွန်းရှမ်းရွာရှိ Cool အအေးခန်းစက်ရုံသို့ရောက်ရှိ၍ အအေးခန်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးအောင်သိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက အအေးခန်းလုပ်ငန်းတည်ဆောက်မှုအခြေအနေ၊ ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးကွက်အခြေအနေ၊ ဝန်ဆောင်မှုပေးသည့်ခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မှုအခြေအနေများကိုဆွေးနွေးခဲ့ရာ အအေးခန်းလုပ်ငန်းရှင်က အအေးခန်း (၅) ခန်းတည်ဆောက်ထားရှိကြောင်း၊ ၎င်းအအေးခန်းတွင် အခဲခန်း (၂)ခန်း၊ အအေးခန်း (၃) ခန်းတည်ဆောက်ထားရှိပြီး အခဲခန်း၌ ပင်လယ်စာများကို သိုလှောင်ထားရှိကြောင်း၊ အအေးခန်းတွင် ငါးခြောက်၊ ငရုတ်သီးခြောက်၊ အာလူး၊ သစ်သီးဝလံများကို သိုလှောင်ထားရှိကြောင်း၊ ရေး၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များမှ လုပ်ငန်းရှင်ကုန်သည်များ လာရောက်သိုလှောင်ကြောင်း၊ သိုလှောင်ခအနေဖြင့် ကုန်ချိန်တစ်ပိဿာကို တစ်ရက်လျှင် (၃) ကျပ်နှုန်းဖြင့် သိုလှောင်ကြကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သားအင်အား (၂၀) ဦးအား အလုပ်အကိုင်ပေးထားနိုင်ကြောင်းသိရှိရပါသည်။
DOCA(မွန်)