Main menu

‌မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ သဘာဝဇီဝမြေဩဇာစက်ရုံအား ကွင်းဆင်းလေ့လာ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှုအခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူးမှု၊ ဈေးနှုန်း/ဈေးကွက်နှင့် ရှေ့ဆောင်ရွက်မည့်အစီအစဉ်များကိုဆွေးနွေးခဲ့ရာ စက်ရုံတာဝန်ခံက ကုန်ကြမ်းများဖြစ်သော မြေဆွေး၊ ကောက်ရိုး၊ ကြက်ချေး၊ နွားချေး စသည်တို့ကို မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော စသည့်မြို့နယ်များမှ ဝယ်ယူရရှိပြီး တစ်လလျှင် အိတ်ရေ (၃၀၀၀) ခန့်ထုတ်လုပ်ကြောင်း၊ ၎င်းတို့စက်ရုံအနေဖြင့် သဘာဝမြေဩဇာအမျိုးအစားပေါင်း (၆) မျိုးထုတ်လုပ်ပြီး မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ချိလျက်ရှိကြောင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)