Main menu

‌သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် စပါးဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်နှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၂၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၄၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခုနိုဝင်ဘာ၏ နောက်ဆုံးပတ်တွင် မော်လမြိုင်ခရိုင်သို့ (၂၁၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၉၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်း၍စီးထွက်ခဲ့သည်။

      သထုံခရိုင်အတွင်းသို့ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန်စီးထွက်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်ဖြင့် စုစုပေါင်း (၃၀၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်ဖြင့် စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊း တန်ချိန်အားဖြင့် (၁၂၀)တန်ခန့်စီးဝင်ခဲ့သည်။

     သထုံခရိုင်အတွင်း၌ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါးဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ်(၃၀၀၀၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀)ကျပ်နှင့် ကမာကြည်(၂၅၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ်(၁၃၅၀၀၀)အိတ်အခန့်၊ ပေါ်ဆန်းဝါ (၁၃၀၀၀၀)အိတ်နှင့် ကမာကြည်(၁၁၀၀၀၀)အိတ်ခန့်၊ ဧည့်မထ(၆၅၀၀၀)အိတ်ခန့်ရှိပြီး ယခုအပတ်တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက အနည်းငယ်အတက်ဘက်သို့ ဦးတည်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)