Main menu

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဒေသထုတ်ကုန်အရောင်းစင်တာဖွင့်လှစ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသထွက်ထုတ်ကုန်များ ဈေးကွက်ကျယ်ပြန့်စွာရရှိစေပြီး ကုန်ပစ္စည်းများကို ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရေးရည်ရွယ်၍ ဒေသထွက်ထုတ်ကုန်အရောင်းစင်တာဖွင့်လှစ်နိုင်ခဲ့ပါသည်။

    အဆိုပါဒေသထွက်ထုတ်ကုန်အရောင်းစင်တာအား (၁၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပြည်မြို့ရှိ ဗိုလ်ရှုခံအရောင်းစင်တာ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပါသည်။ ထိုဒေသထွက်ကုန်ပစ္စည်းအရောင်းစင်တာတွင် ပဲခူးခရိုင်မှထွက်ရှိသော ငါးချဉ်၊ ဒန်အိုးဒန်ခွက်၊ ငါးပိထောင်း၊ ငါးခြောက်၊ တောင်ငူခရိုင်မှထွက်ရှိသော ကော်ဖီ၊ မုန့်ဖတ်ခြောက်၊ အာလူးကြော်၊ ညောင်လေးပင်ခရိုင်မှထွက်ရှိသော ရှောက်ပျားဖျော်ရည်မျိုးစုံ၊ ငါးပိအနှစ်ခြောက်၊ သာယာဝတီခရိုင်မှထွက်ရှိသော ကရေကရာ၊ ပဲကြီးလှော်၊ နတ်တလင်းခရိုင်မှထွက်ရှိသော  ငါးပိရည်၊ ပဲကြော်ပဲလှော်နှင့် ပြည်ခရိုင်မှထွက်ရှိသော ယိုမျိုးစုံ၊ အသင့်စားခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကော်ရည်နှင့်ထမင်းသုပ် စသည့်ဒေသထွက်ကုန်ပစ္စည်းများကိုရောင်းချကြပါသည်။ ထိုဒေသထွက်ကုန်ပစ္စည်းများရောင်းချသောစင်တာတွင် ဈေးနှုန်းသက်သာစွာနှင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းသိရပါသည်။

DOCA(ပဲခူး)