စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးတို့လိုက်ပါလျက် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် ၂၁ရပ်ကွက်၊ ဇေယျာခင်ဦးရှိ သံလွင်အာလူးကြော်လုပ်ငန်းသို့သွားရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းရှင် ဦးအေးချမ်းအောင်က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါသည်။
ပြည်ထောင်စုဝန်ကြီးက ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရရှိမှုအခြေအနေများကိုမေးမြန်းရာ လုပ်ငန်းရှင်က မိမိအနေဖြင့် ကုန်ကြမ်းဖြစ်သော အာလူး၊ လုပ်ငန်းသုံးဆီနှင့်ထုပ်ပိုးရန်အတွက် ပလတ်စတစ်အိတ်များဝယ်ယူရပါကြောင်း၊ အာလူးနှင့် ပလတ်စတစ်အိတ်များဝယ်ယူရန် အခက်အခဲမရှိသော်လည်း အာလူးကြော်ရန်အတွက် စားအုန်းဆီဝယ်ယူရရှိမှု၌ာ အခက်အခဲရှိပါကြောင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းသုံးဆီဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ တပင်ရွှေထီးရပ်ကွက်ရှိ A1 မုန့်ဖတ်ခြောက်လုပ်ငန်းသို့ရောက်ရှိခဲ့ရာ လုပ်ငန်းရှင် ဒေါ်အေးအေးဝင်းက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကိုမေးမြန်းခဲ့သည်။ လုပ်ငန်းရှင်က လျှပ်စစ်ဓာတ်အားအတွက် ကိုယ်ပိုင်ထရန်စဖော်မာလျှောက်ထားရာ မရရှိသေးပါသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ထရန်စဖော်မာရရှိရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)