Main menu

တောင်ငူမြို့တွင် ဆန်စပါးဈေးအနည်းငယ်တက်

Powered by Drupal

   တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၀၀၀၀ကျပ်မှ ၆၇၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။

  စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၇၂၀၀၀၀ကျပ်၊ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၄၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်ခဲ့ပြီး ဖွဲနုတစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မတ်ပဲ၃၀ပိဿာဝင်အိတ်မှာ တစ်အိတ်လျှင် ၁၃၈၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း တောင်ငူမြို့ရှိ ဆန်စပါး၊ ပဲပွဲရုံများမှသိရှိရပါသည်။

DOCA(ပဲခူး)