Main menu

တောင်ငူမြို့၊ ကျောင်းကုန်းမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၏ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ဆောင်ရွက်ချက်များကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဆက်လက်၍ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားမှုများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာသုံးစွဲရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၈၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)