Main menu

တောင်ငူမြို့တွင် ကြက်သားနှင့်ငါးကြင်းဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များ၌ ကြက်သား (အိမ်မွေးကြက်) မှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်း လိုက်ဈေး ၂၂၀၀၀ကျပ်၊ စီပီကြက်မှာ နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

   ဝက်သား(ရေလွတ်သား)မှာ နိုဝင်ဘာလ တတိယပတ်တွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အသားသီးသန့်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် သုံးထပ်သား ၁၅၀၀၀ကျပ်၊ ပေါင်သား ၁၆၀၀၀ကျပ်နှင့် အသားသီးသန့် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

      ငါးကြင်းမှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး ငါးကြင်းဖြူမှာ ယခင်လတွင်  အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

   ငါးရံ့မှာ တစ်ပိဿာလျှင် နိုဝင်ဘာလ တတိယပတ်တွင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ငါးခူမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ပုစွန်ဆိတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်မှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်အထိရှိ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း  ညောင်ပင်ဈေးရှိ အသားငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)