Main menu

နတ်တလင်းမြို့နယ်အတွင်း ကြက်ဥ၊ ဘဲဥဈေးနှုန်းများ အနည်းငယ်ကျဆင်း

Powered by Drupal

    နတ်တလင်းမြို့နယ်အတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းများ   အနည်းငယ်ကျဆင်းနေပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး (၂၃၀)ကျပ်၊ အလတ် (၂၅၀)ကျပ်၊ အကြီး (၂၈၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး (၂၉၀)ကျပ်၊ အလတ် (၃၂၀)ကျပ်၊ အကြီး (၃၅၀)ကျပ်နှုန်းရှိရာ နိုဝင်ဘာလ တတိယပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး (၂၀၀)ကျပ်၊ အလတ် (၂၃၀)ကျပ်၊ အကြီး (၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး (၂၈၀)ကျပ်၊ အလတ် (၃၀၀)ကျပ်၊ အကြီး (၃၂၀)ကျပ်နှုန်းရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရသည်။

  ကြက်ဥသည် အလွယ်တကူချက်ပြုတ်စားသုံးနိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ မုန့်များပြုလုပ်ရာတွင် အသုံးများခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းသွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)