Main menu

တောင်ငူမြို့တွင် တရုတ်ကြက်သွန်ဖြူနှင့်ကုလားပဲခြမ်းဈေးနှုန်းအနည်းငယ်တက်

Powered by Drupal

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ဒီဇင်ဘာလဆန်းပိုင်းတွင်  တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီကို တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

   ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၃၂၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်၊ အကြီး ၄၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၀၀၀၀ကျပ်၊ အလတ် ၁၁၀၀၀ကျပ်၊ အကြီး ၁၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့သည်။

        အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်အပွမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ထိ၊ ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)