Main menu

ဖြူးမြို့တွင် ငရုတ်သီးခြောက်နှင့် မြေပဲဆံဈေးနှုန်းအနည်းငယ်ကျ

Powered by Drupal

    တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ နိုဝင်ဘာ တတိယအပတ်တွင် အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

    ငရုတ်သီးခြောက်မှာ ယခင်နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

      ကုလားပဲခြမ်းမှာ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။  မြေပဲဆံ (အနီ)မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ မြေပဲဆံ(အဖြူ)မှာလည်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)