Main menu

တောင်ငူမြို့တွင် ဖျာပုံပေါ်ဆန်းနှင့် ဒေသပေါ်ဆန်းဈေးတက်

Powered by Drupal

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၀၀၀၀ကျပ်မှ ၆၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၄၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်ခဲ့ပြီး ဖွဲနုတစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ ၃၀ပိဿာဝင်အိတ်တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)