Main menu

သဲကုန်းမြို့နယ်တွင် သံပရာသီးများဈေးကောင်းရရှိနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း သံပရာသီးဈေးတက်နေသောကြောင့် သံပရာစိုက်တောင်သူများ ဈေးကောင်းရရှိနေကြောင်း သိရှိရပါသည်။ ယခုနှစ် မိုးရာသီ၌ သံပရာသီးလှိုင်လှိုင်ထွက်ရှိချိန် ဇူလိုင်နှင့် ဩဂုတ်လများတွင် သံပရာသီးတစ်လုံးလျှင် လက်လီ(၃၅)ကျပ်၊ လက်ကားဒိုင်ဈေး (အကြီး၊အသေး)အရော (၁၅-၂၀)ကျပ်သာရှိခဲ့ရာမှ ယခုနိုဝင်ဘာလတွင်  သံပရာသီးတစ်လုံးလျှင် လက်လီ(၁၅၀)ကျပ်၊ လက်ကားဒိုင်ဈေး (အကြီး၊အသေး) အရော (၁၀၀)  ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။

   ယခင်နှစ် နိုဝင်ဘာလတွင် သံပရာသီးတစ်လုံးလျှင် လက်လီ (၇၀) ကျပ်၊ လက်ကား ဒိုင်ဈေး (အကြီး၊အသေး) အရော(၅၀)ကျပ်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလတွင် သံပရာသီးဈေးတက်သွားရခြင်းမှာ သံပရာပင်အပွင့်ပွင့်ချိန်၌ ရာသီဥတုဒဏ်ကြောင့် အပွင့်နည်းခြင်း၊ အပင်ပျက်စီးမှုရှိခြင်းနှင့် အသီးအထွက်နှုန်းနည်းသွားချိန် ဖြစ်သောကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)