ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများတွင် ဟင်သီးဟင်းရွက်ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများနှင့်တွေ့ဆုံကာ သီးနှံများ၏ ဈေးကွက်ဈေးနှုန်းအခြေအနေများနှင့် ရာသီပေါ်သီးနှံများ၏ စိုက်ပျိုးထွက်ရှိမှုများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် မြင်းခွာရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ သခွားသီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ ရုံးပတီသီးတစ်တောင့်လျှင် (၁၇)ကျပ်၊ ပဲတောင့်ရှည်တစ်တောင့်လျှင် (၁၀)ကျပ်၊ ခရမ်းကြွပ်သီး တစ်လုံးလျှင် (၁၀)ကျပ်ဖြင့်ရောင်းချရပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ဈေးပိုမို ရရှိပြီး ဆောင်းဦးကာလသီးနှံများ ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)