Main menu

နတ်တလင်းခရိုင်၏ ရာသီစာထန်းမြစ်(ထန်းစို့)

Powered by Drupal

     နတ်တလင်းခရိုင်အတွင်း ရာသီအလိုက်ထွက်ရှိသော သီးနှံများစွာရှိသည့်အနက် ဆောင်းရာသီထွက် ထန်းမြစ် (ထန်းစို့) များမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်မှ စတင်၍ထွက်ရှိလာရာ နိုဝင်ဘာလ တတိယပတ်တွင် ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်ဈေးများ နတ်ပုတီး၊ အင်းမ၊ ဘိုးသာ၊ အောင်ကုန်း၊ ရန်ကုန်-ပြည် ကားလမ်းဘေး၌ ထန်းမြစ်အစိမ်း(၁၀)ချောင်းပါတစ်စည်းလျှင် (၁၃၀၀) ကျပ်၊ (၂၅) ချောင်းတစ်စည်းလျှင် (၃၀၀၀)ကျပ်၊   ပြုတ်ပြီးသားထန်းမြစ်တစ်ချောင်းလျှင် (၂၀၀-၂၅၀)ကျပ်ဖြင့်ရောင်းချနေပြီး ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်းသိရပါသည်။

   ထန်းမြစ်ကို ထန်းသီးမှည့်ချိန်  ဝါခေါင်၊ တော်သလင်းလများတွင် စတင်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီး နှစ်လခွဲသုံးလခန့်ကြာပါက ထန်းမြစ်များကို စတင်တူးဖော် ရောင်းချကြကြောင်းသိရပါ  သည်။ ထန်းမြစ်ကို ပြုတ်၍ဖြစ်စေ၊ မီးဖုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ စားသုံးနိုင်ပြီး ဆေးဖက်ဝင် ရာသီစာတစ်မျိုးလည်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)