Main menu

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။  ယခုကဲ့သို့ဆောင်းရာသီကာလတွင်   စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ ဝယ်ယူသုံးစွဲချိန်လည်းဖြစ်ပါသည်။

      ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် နတ်တလင်းမြို့နယ်၌ဖြစ်ပေါ်ခဲ့သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ရွှေနဂါး ယူရီးယား(လုံးသေး) (၅၀ကီလို) တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ သံကွင်းတံဆိပ် တီစူပါ (တရုတ်) (၅၀-ကီလို)တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ Top One ရွှေနဂါးယူရီးယား (၅၀)ကီလိုတစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊  ရွှေပွား ၁၅;၁၅;၁၅ (၅၀-ကီလို)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ပိုတက် ဂျာမနီ (၅၀-ကီလို)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်ဖြင့်ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)