Main menu

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၅/၂၀၂၃)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (/၂၀၂၃)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး (/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က အမှာစာ(၈)စောင်ကို ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ပါသည်။

  အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)