Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    တိုင်းဦးစီးမှူးမှ ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသောလုပ်ငန်းအခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲမှူးများကလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တက်ရောက်လာသောဦးစီးမှူးများနှင့် သက်ဆိုင်ရာခရိုင်မှူးများကလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများ၊ တင်ပြလာမှုအပေါ် တိုင်းဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများက ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)