Main menu

ချောင်းဆုံမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည်  (၃-၁၂-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်၊ ရွာလွတ်ကျေးရွာနှင့် မုဒွန်းကျေးရွာတို့၌ စားဆီများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများကို ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ ရွာလွတ်ကျေးရွာနှင့် မုဒွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးတစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)