Main menu

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

           မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ  တည်ငြိမ်လျက်ရှိပါကြောင်းသိရပါသည်။

       မုံရွာမြို့၏ ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါး(သစ်)တင် ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀ မှ ၂၀၀၀၀၀၀ ထိ၊ ဧရာမင်းစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၃၄၀၀၀၀၀ မှ ၃၅၀၀၀၀၀ ထိ၊ ဧရာမင်းဆန်(သစ်)  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၈၀၀၀၀ မှ ၉၀၀၀၀ ထိ၊ ဧရာမင်းဆန်(ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၁၃၀၀၀၀ မှ ၁၃၅၀၀၀ ထိ၊ မနောသုခစပါး(သစ်)တင် ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ မနောသုခဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ မှ ၆၅၀၀၀ ထိ၊  မနောသုခဆန်(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၈၅၀၀၀ ထိ၊  ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ကျပ် ၃၄၀၀၀၀၀ မှ ၃၅၀၀၀၀၀ ထိ၊  ပေါ်ဆန်းစပါး(ဟောင်း)တင် ပေါ်ဆန်းဆန်(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ မှ ၁၅၀၀၀၀ ထိ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိပါသည်။

          ယခင်လနိုဝင်ဘာလ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများ နှင့် ယခုလဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဧရာမင်းစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀ မြင့်တက်လျက်ရှိပြီး ကျန်စပါး/ဆန် ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင် တစ်ဦးထံမှ သိရှိရပါသည်

DOCA(စစ်ကိုင်း)