Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၁.၁၂.၂၀၂၃ မှ ၅.၁၂.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ ပိဿာလျှင် အမြင့်ဈေး ၁၀၀၀၀/- ကျပ်မှ အနိမ့်ဈေး ၁၀၈၀၀/- ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၁၅၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၂၅၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၃၀၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၃၅၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၁၆၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ၆၀၀၀/- ကျပ်မှ ၇၀၀၀/- ကျပ်ထိ လည်းကောင်း၊ငရုတ်သီး(ပန်းရဲ-သစ်) ၁ ပိဿာလျှင် ၇၀၀၀/- ကျပ်မှ ၉၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  ၁ ပိဿာလျှင် ၁၁၀၀/- ကျပ်မှ ၁၂၀၀/- ကျပ်ထိ လည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၅၀၀/- ကျပ်ထိ လည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ ပိဿာလျှင် ၃၂၅၀ ကျပ်ဖြင့် လည်းကောင်း၊ ကြံသကာ (သစ်) ၁ ပိဿာလျှင် ၄၁၅၀/- ကျပ်ဖြင့် လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၇၇၀/- ကျပ်မှ ၃၇၉၀/- ကျပ်ထိ လည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ ပိဿာလျှင် ၄၁၀၀/- ကျပ်မှ ၄၂၀၀/- ကျပ်ထိ လည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ ပိဿာလျှင် ၄၅၀၀/- ကျပ်မှ ၄၇၀၀/- ကျပ်ထိ လည်းကောင်း၊ ရေစကြို ထန်းလျက် ၁ ပိဿာလျှင် ၅၆၀၀/- ကျပ်မှ ၅၆၅၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ ပိဿာလျှင် ၂၈၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၄၀၀/- ကျပ်မှ ၃၉၀၀/- ကျပ်ထိလည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး အခြေခံ စားသောက်ကုန်များမှာ ဈေးနှုန်း အနည်းငယ်သာ အတက်အကျ ဖြစ်လျက်ရှိပြီး အောင်ပန်းကြက်သွန်ဖြူဈေးနှုန်းနှင့်ထန်းလျက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)