Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၁-၁၂-၂၀၂၃) ရက်နေ့မှ (၅-၁၂-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အမြင့်ဈေး ၁၀၀၀၀/-ကျပ်မှ အနိမ့်ဈေး ၁၀၈၀၀/-ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၁၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၂၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၃၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၃၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်ထိလည်းကောင်း၊ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  ၁ပိဿာလျှင် ၁၁၀၀/-ကျပ်မှ ၁၂၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်ထိ လည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၂၅၀ကျပ်ဖြင့်လည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၁၅၀/-ကျပ်ဖြင့်လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၇၇၀/-ကျပ်မှ ၃၇၉၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၄၁၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၅၀၀/-ကျပ်မှ ၄၇၀၀/-ကျပ်ထိလည်းကောင်း၊ ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၆၀၀/-ကျပ်မှ ၅၆၅၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၂၈၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၄၀၀/-ကျပ်မှ ၃၉၀၀/-ကျပ်ထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာအတက်အကျဖြစ်လျက်ရှိပြီး အောင်ပန်းကြက်သွန်ဖြူဈေးနှုန်းနှင့် ထန်းလျက်ဈေးနှုန်းများမှာ ပြန်လည်မြင့်တက်လာကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)