Main menu

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလ ပထမပတ် စပါး၊ဆန်ဈေးနှုန်း အခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ဒေသတွင်းရှိ စက်ပိုင်များ၊ ကုန်သည်များ၊ တောင်သူမျာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်း နေကြောင်း ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၅၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၂၉၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၆၂၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၆၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။             

DOCA(စစ်ကိုင်း)