Main menu

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

     မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်၌ (၄)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၂)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၂) ကြိမ်၊ ချောက်မြို့နယ်၌ (၂)ကြိမ်၊ ရေနံချောင်းမြို့နယ်၌ (၂)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရုံးချုပ်၏ညွှန်ကြားချက်အရ သောက်ရေသန့်အမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စျေးကွက်အတွင်း စားသုံးဆီအတုပြုလုပ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ စားသုံးဆီအတုပြုလုပ်ရာ၌ မြေပဲဆီနံ့၊ နှမ်းဆီနံ့ရရှိအောင် ရောစပ်ထားသောဓာတုပစ္စည်းများရောင်းချမှုရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသော ပုစွန်အမှတ်တံဆိပ် စားအုန်းဆီများ စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အလိုက် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)