စားသုံးသူရေးရာဦးစီးဌာနသည် အခြေခံစားသောက်ကုန်များ၊ စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
(၁-၁၂-၂၀၂၃)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လယ်(၁၂:၃၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့်ဝန်ထမ်းများသည် မကွေးမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းတာဝန်ခံ ဒေါက်တာစိုင်းမင်းသူထွန်းနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ တရားမဝင်တင်သွင်းလာသောဆေးဝါးများ၊ သက်တမ်းလွန်နေသောဆေးဝါးများနှင့် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးအတွက် အဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)