![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉၀_2.jpg?itok=8TrjG4qJ)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ မိုးစိုက် (ဥစိုက်)များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာနယ်၊ ညောင်ဦးမှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများမှာ လက်ကျန်နည်းနေပြီး မိုးစိုက် (ဥစိုက်)များလည်း စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဖြင့် ကုန်ချိန် (၁၀၀၀၀)ကျော်၊ မိုးစိုက်(ဥစိုက်) ကြက်သွန်နီ လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၁၀၀မှ ၁၉၀၀)ဖြင့် ကုန်ချိန်(၂၀၀၀၀)ကျော်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြိုမစည်ပင်ဈေးတွင် လက်လီရောင်းချသောဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၃၀၀၀) ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့သာတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)