Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၉) ရက်နေ့မှ ဒီဇင်ဘာလ(၅) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)လျှင် ကျပ်၁၀၀၀မှ ကျပ်၁၈၀၀အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ်၄၀၀မှ ၁၅၀၀အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)တစ်ထုပ်လျှင် ကျပ်၇၀၀မှ ကျပ်၁၈၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၀၀၀မှ ကျပ်၃၈၀၀အတွင်း၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်၄၀၀၀မှ ကျပ်၅၀၀၀အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၉၀၀မှ ကျပ်၅၄၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၉၀၀မှ ကျပ်၂၀၀၀အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၂၅၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်၂၄၀၀မှ ကျပ်၃၈၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်၁၁၀၀၀မှ ကျပ်၁၄၀၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၁၂၀၀၀မှ ကျပ်၁၃၀၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၈၀၀၀မှ ကျပ်၆၀၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၅၀မှ ကျပ်၃၅၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၁၀၀မှ ကျပ်၂၀၀အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ်၁၂၀၀မှ ကျပ်၁၅၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၈၀မှ ကျပ်၂၀၀အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်၁၅၀၀မှ ကျပ်၄၀၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ်၅၀၀၀မှ ကျပ်၁၀၀၀၀အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၈၁၈၆၀၀) ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၆၄၈၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၁၇၅၂၈) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၃၇၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၇၅၀၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၈၄၃၇) ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း (၁၂၃၄၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၂၆၃၅၀) ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)