Main menu

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်း ကာ (၁.၁၂.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်မှ နေ့လယ်(၁၂:၀၀)အချိန်ထိ  ကျွန်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း စားအုန်းဆီများကို နိုင်ငံ့ဝန်ထမ်းများ၏ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုံးဆီများ ရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီများ ဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်း ၊ နိုင်ငံ့ဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် ငံ့ဝန်ထမ်းဦးရေး(၅၅၀) တို့အား စားအုန်းဆီ (၅၅၀) ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ် မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)