စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်ပထမပတ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ပြောင်းလဲမှုရှိပြီး ပုဇွန်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၅၀၀)၊ လသာခြောက်(အချို)(၁) ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ လသာခြောက်(အငံ) (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)နှင့် ငါးရံ့ခြောက် အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)