Main menu

မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအ‌သိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ဆရာ/ဆရာမ၊ သင်တန်းသူ၊ စုစုပေါင်း (၅၀)ဦးအား စားသုံးသူကာကွယ်ရေးအ‌သိပညာပေး ဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊​ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဟောပြောဆွေးနွေးပွဲသို့တက်ရောက်လာသော ဝန်ထမ်းများ၏ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)