Main menu

အထူးစျေးနှုန်းဖြင့်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍  လက်ပံတန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၂.၁.၂၀၂၂ ရက်နေ့၌ လက်ပံတန်းမြို့နယ်ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီတို့၏ အရည်အသွေး ၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှု ရှိစေရေးနှင့် သတ်မှတ်ထားသည့် ခွဲ့တမ်းများ စျေးနှုန်းများ မှန်ကန်မှုရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်တို့ အနေဖြင့် မိမိတို့ ရောင်းချသော ကုန်စည်တို့နှင့်ပတ်သက်သော သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေကြရန် ၊ သတ်မှတ်အရည်အသွေး ပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန် အထူးစျေးနှုန်းဖြင့် ရောင်းချမည်ဆိုပါကလည်း စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာ ရောင်းချကြရန် အသိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)