မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး မြိုမစျေးသို့ မြင်းခင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကျီးကန်ကျေးရွာတို့မှ အဓိကရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ထို့ပြင် မြို့မစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိဆည်များတွင် မွေးမြူထားသောတီလာဗီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း၍ ၎င်းငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။
မကွေးမြို့၊ မြို့မစျေး၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်းရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုစွန်ခြောက်(အလတ်) (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ပုစွန်ခြောက်(အသေး) (၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀-၂၈၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၄၀၀၀)၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ် (၆၀၀၀၀-၈၀၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးအုံးမဲ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)